ဖားခုံစနစ် စိုက်တာက ပိုကောင်းပါတယ်။ အရွက်တွေမထပ်တော့ဘူးပေါ့။ တစ်တန်းက ၁၆ ပေခြားစိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။ တတိယအတန်းကို ပထမအတန်နဲ့အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန်းကို စိုက်တဲ့အခါ ပထမအတန်းနဲ့တတိတန်းနဲ့အပင်မတည့်အောင် အလည်ကြားမှာစိုက်ရပါတယ်။ အုန်းချိုမွှွေးကို ၉x ၁၈ လက္မပျိုးအိတ်မှာ ၃ လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်ပါးတယ်။ 1) ပျိုးအိတ်မှာ နွားချေး၁ဆ၊ မြေပွ၁ဆ၊ စပါးခွံ၁ဆ၊ စပါးမီးသွေး ၁ ဆ ရောစပ်ပြီးထည့်ရပါမယ်။ 2) အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို ၄၅ ဒီဂရီစောင်းထည့်ရမယ်။ အုန်းသီးအလုံးကို ၃ ပုံ ၁ ပုံဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။ 3) ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။ 4) စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို့ရတဲ့ ကျဉ်းသာသာအကျယ်တူးပါ။ စိုက်ပြီး အုန်းပင်မြေပြင်ပေါ်ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။ 5) စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။ 6) မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒ...
Comments
Post a Comment