ယိုးဒယားအုန်းချိုမွှေးစိုက်ပျိုးနည်း


ဖားခုံစနစ် စိုက်တာက ပိုကောင်းပါတယ်။
အရွက်တွေမထပ်တော့ဘူးပေါ့။
တစ်တန်းက ၁၆ ပေခြားစိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။ တတိယအတန်းကို
ပထမအတန်နဲ့အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန်းကို စိုက်တဲ့အခါ
ပထမအတန်းနဲ့တတိတန်းနဲ့အပင်မတည့်အောင် အလည်ကြားမှာစိုက်ရပါတယ်။
အုန်းချိုမွှွေးကို ၉x ၁၈ လက္မပျိုးအိတ်မှာ ၃ လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်ပါးတယ်။
1) ပျိုးအိတ်မှာ နွားချေး၁ဆ၊ မြေပွ၁ဆ၊ စပါးခွံ၁ဆ၊ စပါးမီးသွေး ၁ ဆ ရောစပ်ပြီးထည့်ရပါမယ်။
2) အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ
ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို ၄၅ ဒီဂရီစောင်းထည့်ရမယ်။
အုန်းသီးအလုံးကို ၃ ပုံ ၁ ပုံဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။
3) ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။
4) စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို့ရတဲ့ ကျဉ်းသာသာအကျယ်တူးပါ။
စိုက်ပြီး အုန်းပင်မြေပြင်ပေါ်ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။
5) စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။
6) မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒီဂရီစောင်းချပါ။
7) ပျိုးအိတ်အစောင်းဘက်ပျိုးအိတ်ဘေးကိုဓါးနဲ့ခွဲပါ။
8) တူးထားတဲ့မြေကြီးပေါ်ကို နွားချေးခြောက်ဖြန့်ထည့်ပါ။
9) နွားချေးနဲ တူးမြေကိုဆွပြီး အုန်းပင်ကို ပတ်ပတ်လည်မှာမြေဖြည့်ထည့်ပါ။
အပင်အရင်းကို မြေမအုပ်လိုက်ရဘူး။ အပင်အရင်း မြေမြှုပ်ရင် အပင်မတက်တော့ဘူး။
10) ရေဆွဲနေအောင်လောင်းပါ။
11) ပျိုးအိတ်ကိုတဖြေးဖြေးဆွဲထုပ်ပါ။ ဒီနည်းက အပင်အမြစ်ကိုမနာစေဘူး။
12) အုန်းပင်ပတ်ပတ်လည်ကိုကောက်ရိုးနဲ့အုပ်ထားပါ။ ရေအစိုဓါတ်ထိန်းပေးဖို့ဖြစ်တယ်။
13) ၃ လတစ်ကြီး နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးမီးသွေး တစ်ဆစီရောပြီး အပင် အရင်းနဲ့ခွာပြီးမြေကိုတူးဆထည့်ပေးရမယ်။ ပင်ပတ်ပတ်လည် ကျဉ်းပေါက်တွေတူးပြီး မြေသြဇာ ထည့်ပေးရင်ပိုကောင်းတယ်။ အပင်ကြီးလာရင် ကြီးလာသလို မြေသြဇာကို ခွာပြီးပေးရမယ်။
အပင်အမြစ်တွေ များများဖျာထွက်လေအပင်ကြီးနှုန်းကောင်းလေဖြစ်တယ်။
14) ရေလောင်းနည်းကတော့ မြေကြီးကရေစုပ်အားပေါ်မူတည်ပြီးပေးရပါမယ်။
ပထမအကြိမ် ရေအဝလောင်းပါ။ ၁ ရက် ၂ ရက်တစ်ခါ မြေကြီးကို ကလှော်ကြည့်ပါ။
ရေအစိုဓါတ်ရှိနေရင်လောင်းစရာမလိုသေးဘူး။ ရေအစိုဓါတ်နည်းသွားတဲ့ ရက်အကြာကို
သတ်မှတ်ပြီး ဘယ်နှစ်ရက်တစ်ခါရေလောင်းမလဲဆိုတာကို သတ်မှတ်ရမယ်။
15) အရွက်တွေကို လုံးဝမဖြစ်ရဘူး။ အရွက်က မြေသြဇာ အစာချက်လုပ်ပေးတယ်။ အရွက်နည်းရင် အစာချက်နည်းပြီး အပင်မတက်နိုင်ဘူးဖြစ်မယ်။ အပင်အရင်က အလက်ခြောက်တွေကိုလည်း မဖယ်ဖြစ်ရဘူး။ အပင်ရဲ့အစိုဓါတ်ကိုထိန်းထားပေးတာဖြစ်တယ်။
16) ရေနဲ့မြေသြဇာကို ပုံမှန်ပေးမယ်ဆိုရင် ၂ နှစ်ခွဲ ၃ နှစ်မှာ စသီးပါမယ်။
အုန်းပင်က အုန်းသီး အုန်းလက် အုန်ခွံ အုန်းမှုတ် အုန်းပင်သစ်သားထုတ်နိုင်လို့အကုန်ရောင်းလို့ရတဲ့ သီးနံှပင်ဖြစ်တယ်။

ထိုင်းနိုင်ငံက စိုက်ပျိုးရေးပညာရှင် ဦးထုံးချနရဲ့စိုက်ပျိုးနည်းဖြစ်ပါတယ်။

--------------------------------------------------------------------

အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။
တစ်လကို ၆ သိန်းကျော်ရပါမယ်။
အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။
၂ နှစ်ခွဲ ၃ နှစ်မှာ စသီးပါတယ်။ ၄ နှစ်အထက်ဆိုရင် အသီးကောင်းမယ်။
အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့်
တစ်ပင်နဲ့တစ်ပင်ကို ခတ်စိတ်စိတ်စိုက်နိုင်တယ်။
အုန်းတစ်ပင်နဲ့တစ်ပင် ၅ မီတာ(၁၆ ပေကျော်) ကြားစိုက်မယ်ဆိုရင်
တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။
အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိသီးတယ်။
အုန်းချိုမွှေးအရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင်ခုတ်နိုင်တယ်။
တနှစ်မှာ ၁၈ ခိုင်ရတယ်။
တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ ခိုင် = ၂၈၈၀ ခိုင်ရမယ်။
တစ်ခိုင်မှာဖျမ်းမျှ ၇ လုံး x တစ်နှစ် တစ်ဧက ၂၈၈၀ ခိုင် = ၂၀၁၆၀ လုံး

ထိုင်းနိုင်ငံမှာခြံဈေးအကျဆုံးအချိန်က ကျပ်ငွေ ၄၀၀ ဖြစ်တယ်။
တစ်ဧက တစ်နှစ် ၂၀၁၆၀ လုံး x တစ်လုံး ၄၀၀ ကျပ် = ၈၀၆၄၀၀၀ ကျပ်။

ကိုးကား။ ။ ဦးဝင်းမြင့်၊ ဘီဘီစီ

[Zawgyi]ယိုးဒယားအုန္းခ်ိဳေမႊးစိုက္ပ်ိဳးနည္း
************************************

ဖားခုံစနစ္ စိုက္တာက ပိုေကာင္းပါတယ္။
အ႐ြက္ေတြမထပ္ေတာ့ဘူးေပါ့။
တစ္တန္းက ၁၆ ေပျခားစိုက္ၿပီး ဒုတိယအတန္းကို ခ်န္ထားၿပီး။ တတိယအတန္းကို
ပထမအတန္နဲ႔အတည့္စိုက္ပါ။ ၾကားခန္ခ်န္ထားတဲ့ ဒုတိယတန္းကို စိုက္တဲ့အခါ
ပထမအတန္းနဲ႔တတိတန္းနဲ႔အပင္မတည့္ေအာင္ အလည္ၾကားမွာစိုက္ရပါတယ္။
အုန္းခ်ိဳေမႊြးကို ၉x ၁၈ လကၼပ်ိဳးအိတ္မွာ ၃ လေလာက္ အရင္ပ်ိဳးၿပီးမွ စိုက္ခင္းမွာခ်စိုက္တာ ပိုေကာင္ပါးတယ္။
1) ပ်ိဳးအိတ္မွာ ႏြားေခ်း၁ဆ၊ ေျမပြ၁ဆ၊ စပါးခြံ၁ဆ၊ စပါးမီးေသြး ၁ ဆ ေရာစပ္ၿပီးထည့္ရပါမယ္။
2) အုန္းသီးပင္ေပါက္အလုံးဖင္ကို ပ်ိဳးတဘက္ဘက္ကို ကပ္ရမယ္။ အျမစ္က အလည္မွာ
ရွိေအာင္ျဖစ္တယ္။ အုန္းပင္ကို ၄၅ ဒီဂရီေစာင္းထည့္ရမယ္။
အုန္းသီးအလုံးကို ၃ ပုံ ၁ ပုံေဖၚထားရမယ္။ အပင္အရင္းကို မျမႇဳပ္ရဘူး။
3) ပ်ိဳးအိတ္မွာ ပ်ိဳးထားတဲ့ အုန္းပင္ေတြကို စီထားၿပီး တစ္ရက္တစ္ခါေရေလာင္းေပးရမယ္။
4) စိုက္ခင္းမွာ ေျမက်ဥ္းတူးတဲ့အခါ အုန္းပင္ခ်စိုက္လို႔ရတဲ့ က်ဥ္းသာသာအက်ယ္တူးပါ။
စိုက္ၿပီး အုန္းပင္ေျမျပင္ေပၚေရာက္ေနမယ့္ အေနအထား အနက္ပဲတူးပါ။
5) စိုက္က်ဥ္းႏႈတ္ခမ္းမွာ အုန္းပ်ိဳးပင္ကို ခ်ၿပီး ပ်ိဳးအိတ္ဖင္ကို အရင္ဖြင့္ပါ။
6) ေျမက်ဥ္းမွာ ခ်တဲ့အခါ ေနထြက္တဲ့ဘက္ကို ၄၅ ဒီဂရီေစာင္းခ်ပါ။
7) ပ်ိဳးအိတ္အေစာင္းဘက္ပ်ိဳးအိတ္ေဘးကိုဓါးနဲ႔ခြဲပါ။
8) တူးထားတဲ့ေျမႀကီးေပၚကို ႏြားေခ်းေျခာက္ျဖန္႔ထည့္ပါ။
9) ႏြားေခ်းနဲ တူးေျမကိုဆြၿပီး အုန္းပင္ကို ပတ္ပတ္လည္မွာေျမျဖည့္ထည့္ပါ။
အပင္အရင္းကို ေျမမအုပ္လိုက္ရဘူး။ အပင္အရင္း ေျမျမႇဳပ္ရင္ အပင္မတက္ေတာ့ဘူး။
10) ေရဆြဲေနေအာင္ေလာင္းပါ။
11) ပ်ိဳးအိတ္ကိုတေျဖးေျဖးဆြဲထုပ္ပါ။ ဒီနည္းက အပင္အျမစ္ကိုမနာေစဘူး။
12) အုန္းပင္ပတ္ပတ္လည္ကိုေကာက္႐ိုးနဲ႔အုပ္ထားပါ။ ေရအစိုဓါတ္ထိန္းေပးဖို႔ျဖစ္တယ္။
13) ၃ လတစ္ႀကီး ႏြားေခ်း၊ ၾကက္ေခ်း၊ သစ္႐ြက္ေျခာက္၊ စပါးမီးေသြး တစ္ဆစီေရာၿပီး အပင္ အရင္းနဲ႔ခြာၿပီးေျမကိုတူးဆထည့္ေပးရမယ္။ ပင္ပတ္ပတ္လည္ က်ဥ္းေပါက္ေတြတူးၿပီး ေျမၾသဇာ ထည့္ေပးရင္ပိုေကာင္းတယ္။ အပင္ႀကီးလာရင္ ႀကီးလာသလို ေျမၾသဇာကို ခြာၿပီးေပးရမယ္။
အပင္အျမစ္ေတြ မ်ားမ်ားဖ်ာထြက္ေလအပင္ႀကီးႏႈန္းေကာင္းေလျဖစ္တယ္။
14) ေရေလာင္းနည္းကေတာ့ ေျမႀကီးကေရစုပ္အားေပၚမူတည္ၿပီးေပးရပါမယ္။
ပထမအႀကိမ္ ေရအဝေလာင္းပါ။ ၁ ရက္ ၂ ရက္တစ္ခါ ေျမႀကီးကို ကေလွာ္ၾကည့္ပါ။
ေရအစိုဓါတ္ရွိေနရင္ေလာင္းစရာမလိုေသးဘူး။ ေရအစိုဓါတ္နည္းသြားတဲ့ ရက္အၾကာကို
သတ္မွတ္ၿပီး ဘယ္ႏွစ္ရက္တစ္ခါေရေလာင္းမလဲဆိုတာကို သတ္မွတ္ရမယ္။
15) အ႐ြက္ေတြကို လုံးဝမျဖစ္ရဘူး။ အ႐ြက္က ေျမၾသဇာ အစာခ်က္လုပ္ေပးတယ္။ အ႐ြက္နည္းရင္ အစာခ်က္နည္းၿပီး အပင္မတက္ႏိုင္ဘူးျဖစ္မယ္။ အပင္အရင္က အလက္ေျခာက္ေတြကိုလည္း မဖယ္ျဖစ္ရဘူး။ အပင္ရဲ႕အစိုဓါတ္ကိုထိန္းထားေပးတာျဖစ္တယ္။
16) ေရနဲ႔ေျမၾသဇာကို ပုံမွန္ေပးမယ္ဆိုရင္ ၂ ႏွစ္ခြဲ ၃ ႏွစ္မွာ စသီးပါမယ္။
အုန္းပင္က အုန္းသီး အုန္းလက္ အုန္ခြံ အုန္းမႈတ္ အုန္းပင္သစ္သားထုတ္ႏိုင္လို႔အကုန္ေရာင္းလို႔ရတဲ့ သီးနံွပင္ျဖစ္တယ္။

ထိုင္းႏိုင္ငံက စိုက္ပ်ိဳးေရးပညာရွင္ ဦးထုံးခ်နရဲ႕စိုက္ပ်ိဳးနည္းျဖစ္ပါတယ္။

--------------------------------------------------------------------

အုန္းခ်ိဳေမႊးတစ္ဧက တစ္ႏွစ္ သိန္း ၈၀ ေက်ာ္ရရွိႏိုင္တယ္။
တစ္လကို ၆ သိန္းေက်ာ္ရပါမယ္။
အုန္းခ်ိဳေမႊးက အရည္ေသာက္အတြက္ ဦးစားေပးစိုက္ပ်ိဳးတာျဖစ္တယ္။
၂ ႏွစ္ခြဲ ၃ ႏွစ္မွာ စသီးပါတယ္။ ၄ ႏွစ္အထက္ဆိုရင္ အသီးေကာင္းမယ္။
အုန္းခ်ိဳေမႊးက အပင္အလုံးေသးၿပီး အုန္းလက္က သိပ္မရွည္တာေၾကာင့္
တစ္ပင္နဲ႔တစ္ပင္ကို ခတ္စိတ္စိတ္စိုက္ႏိုင္တယ္။
အုန္းတစ္ပင္နဲ႔တစ္ပင္ ၅ မီတာ(၁၆ ေပေက်ာ္) ၾကားစိုက္မယ္ဆိုရင္
တစ္ဧကမွာ အပင္ ၁၆၀ စိုက္လို႔ရတယ္။
အုန္းခ်ိဳေမႊးတစ္ခိုင္မွာအလုံး ၅ လုံးမွ ၂၀ လုံးအထိသီးတယ္။
အုန္းခ်ိဳေမႊးအရည္ေသာက္အ႐ြယ္ကို ရက္ ၂၀ မွာ တစ္ခိုင္ခုတ္ႏိုင္တယ္။
တႏွစ္မွာ ၁၈ ခိုင္ရတယ္။
တစ္ဧက အပင္ ၁၆၀ x တစ္ႏွစ္ ၁၈ ခိုင္ = ၂၈၈၀ ခိုင္ရမယ္။
တစ္ခိုင္မွာဖ်မ္းမွ် ၇ လုံး x တစ္ႏွစ္ တစ္ဧက ၂၈၈၀ ခိုင္ = ၂၀၁၆၀ လုံး

ထိုင္းႏိုင္ငံမွာၿခံေဈးအက်ဆုံးအခ်ိန္က က်ပ္ေငြ ၄၀၀ ျဖစ္တယ္။
တစ္ဧက တစ္ႏွစ္ ၂၀၁၆၀ လုံး x တစ္လုံး ၄၀၀ က်ပ္ = ၈၀၆၄၀၀၀ က်ပ္။

ကိုးကား။ ။ ဦးဝင္းျမင့္၊ ဘီဘီစီ

Comments

Popular posts from this blog